ကျွန်တော် Windows 7 Ultimate Edition 64-Bit ကိုတင်ပြီးမှ Disk Space
တွေက တော်တော်လေးကို ပြောက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် Windows
မှာကျန်ခဲ့တဲ့ Files တွေ ကြောင့်ပေါ့။ ပြောချင်တာက Windows 7 မတင်ခင် Format
သင့် ရင် Format လိုက်ပါ။ Format မလုပ်ချင်ဘူး ဆိုရင်တော့ Programs File
တွေကို တခုချင်း ကုန်အောင် Uninstall လုပ်ပြစ်ပေးပါ။ ပြီးရင် Disk Clean Up
ကိုလုပ်ပေးပါ။ ပြီးမှ ကိုယ်တင်ချင်တဲ့ Windows ကို တင်ပါခင်ဗျား။
1) လုပ်နည်းလေးကတော့လွယ်လွယ်လေးပါဘဲ ဘာမှာမဆန်းပါဘူး။
သတိမထားမိကြလို့နေပါမှာပါ။ အရင်ဆုံး Start Menu ကိုသွားပြီး
Search မှာ clean ကိုရေးပြီး Enter ခေါက်လိုက်ပါ။
2) ပြီးလို့ရှိရင် Alert တွေပေါ်လာလို့ရှိရင် Allow ဘဲပေးလိုက်ပါ။
ပြီးရင် C: ကိုထက်ပြီးရွေးလိုက်ပါ။ နောက်တခါကြတော့ Window
တခုထက်ပြီးတက်လို့ရှိရင် Clean Up System Files ကိုနှိပ်လိုက်ပါ။
3) ပြီးရင် ခဏစောင့်ပြီး Files To Delete မှာ Boxes တွေအကုန်လုံးကို Markလိုက်ပါ။
အဓိက ကတော့ Previous Windows Installing ကိုပေါ့။ ကျွန်တော့မှာကတော့
20 GB တောင်မှစားသွားတယ်။ ပြီးရင် Ok ဆက်နှိပ်ပြီး Clean လိုက်ပါ။
4) ဒီနည်းလေးနဲ့ မလုပ်ချင်လူးဆိုရင် တော့ C:\ ကိုသွားပြီး Windows.old ဆိုတဲ့
Folder တခုလုံးကို Delete လိုက်ပါ။ ကျွန်တော်ကတော့ Clean Up နဲ့ဘဲ
လုပ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ C:\ မှာရှိတဲ့ Windows.old ဆိုတဲ့
Folder ကြီးရင် Delete နေရင် တော်တော်ကိုကြနေပါလိမ့်မယ်။ ဒါကြောင့်မို့
လို့ Clean Up နဲ့ဘဲအသုံးပြုကြပါခင်ဗျား။
Windows တင်ပြီးမှ Disk Space ပြောက်ခြင်းမှ ပြန်ပြင်နည်း
Subscribe to:
Post Comments (Atom)




No comments:
Post a Comment